Thursday, August 23, 2007

23 August 2007



အရူးရေ

ငါတော့ ခေါင်းကိုမူးနေတာပဲ
ငါ့ အတွေးတွေက ချာချာလည်
ငါ့မျက်လုံးတွေလည်း ပြာနှမ်းလို့

ငါလမ်းလျှောက်သူများအားလုံးကို လေးစားသည်
ငါကိုယ်တိုင်တော့ မလျှောက်ရဲပါ

ငါ့ Gtalk Message လေးပါ
“တိုင်းပြည်အရေးကို ငါတို့ အဝေးကဘဲ ထိုင်ကြည့်နေရမှာလား
ငါဟာ online ပေါ်မှာသာ ရဲရင့်တယ်”

မနေ့က Radio မှာ
ဘဲကြီးတပွေက ပြောတယ်
အနာနဲ့ဆေး တွေ့ မှာမဟုတ်ဘူးတဲ့
ငါလည်း အဲ့လိုပဲထင်တယ်

ဒါဆို ဒီအတိုင်းနေတော့ရော
ဘာထူးလာမှာတဲ့လဲ

ငါတို့ ဒီ Generation မှာမှ
မဖြိုချနိုင်ခဲ့ဘူးဆိုရင်
နောက် Generation ဘယ်နှစ်ဆက်လောက်ထိ
ဒီဝဓ်ကျွေးကို ခံစားကြရအုံးမှာလဲ

လူတစ်စုလောက်လေးကောင်းစားဖို့
လူသန်းပေါင်းများစွာ စတေးခံနေကြရတာ
မတန်ဘူးကွာ

ငါ့ရင်ဘတ်ကို
အပြင်ဆွဲထုတ်ပြလိုက်ချင်တယ်
ဒါပေမဲ့
ဘာမှ ထွက်လာမှာ မဟုတ်ဘူး





Monday, August 20, 2007

miss u 2.



ကောင်မလေးရယ် . .

မင်းမရှိတဲ့နောက်
ဘာတွေဖြစ်သလဲ . .

မနက်ခင်းမှာ
မင်းကိုလွမ်းတယ် . .

နေ့လည်ခင်းမှာ
မင်းကိုလွမ်းတယ် . .

ညနေခင်းမှာ
မင်းကိုလွမ်းတယ် . .

ညခင်းမှာ
မင်းကိုလွမ်းတယ် . .

သန်းခေါင်ယံမှာ
မင်းကိုလွမ်းတယ် . .

အိပ်ရာဝင်ခါနီး
မင်းကိုလွမ်းတယ် . .

အိပ်မပျော်သေးခင်
မင်းကိုလွမ်းတယ် . .

အိပ်မက်ထဲမှာ
မင်းကိုလွမ်းတယ် . .

အိပ်ရာနိုးနိုးချင်း
မင်းကိုလွမ်းတယ် . .

နေ့စဉ် ရက်ဆက်
မင်းကိုလွမ်းတယ် . .

အလွမ်းတွေနဲ့ ပြည့်နေတဲ့
ငါ့ ကဘာကို
မင်းတခါလောက်
ပြန်လာခဲ့ပါဦးလား . .

မင်းပြန်လာတဲ့အခါကြရင်
ငါရယ် မင်းရယ်
သောင်ပြင်ပေါ်မှာ
လမ်းလျှောက်မယ် . .

မင်းပြောသမျှ
မြို့ပြပုံပြင်တွေ
နားထောင်မယ် . .

မင်းသွားချင်တဲ့
နေရာလေးတွေကို
လိုက်ပို့မယ် . .

မင်းရဲ့ မြင့်မားတဲ့
စိတ်ကူးအိပ်မက်တွေကို
နားလည်ပေးမယ် . .

မင်းသာပြန်လာခဲ့ရင်
ဘယ်လောက် ပျော်ဖို့ကောင်းလိုက်မလဲ . .

ခုလောလောဆယ်
ငါမင်းကိုသိပ်လွမ်းတယ်
ကောင်မလေးရယ် . .



Tuesday, August 14, 2007

Miss u.



ကို ထွက်သွားပြီးတဲ့နောက်
ကျွန်မနားကို လူတစ်ယောက်ရောက်လာခဲ့တယ် . .

သူက ပြောတယ်
မင်းအကို မရှိတုန်း မင်း ဘေးနားမှာအဖော်အဖြစ်နေပေးပါရစေတဲ့ . .

ကျွန်မက
ရှင်ဘယ်သူတုန်းလို့ မေးတော့
သူကပြန်ဖြေတယ် . .
“သူ့နာမည်က အလွမ်း တဲ့” . . .




အရင်တုန်းကချစ်သူက
ကျွန်တော့်ကိုပြောပြ ဖူးတဲ့ ကဗျာတစ်ပုဒ်ပါ . .
အဲ့ကဗျာလေးကို သိပ်ကြိုက်တာပဲ. .
အခုတော့ဖြင့် ကျွန်တော့်ဘေးနားမှာ လူတစ်ယောက်ရောက်နေတယ် . .
ကျွန်တော် . .


Friday, August 10, 2007

Happy birthday to me.



စိတ်ညစ်စရာတွေ
မပြောပြချင်ပါဘူး . .
ဒါပေမဲ့
ကျွန်တော့် အဖြစ်အပျက်လေးအချို့ 
ဆွဲထုတ်ကြည့်ရအောင် . .

၁၂ ရက် ၈ လ ၁၉၈၄ မှာ
ကျွန်တော့် ကို မွေးခဲ့တယ် . .
အဲ့နေ့က မိုးတွေရွာနေခဲ့တယ် . .

၁၂ ရက် ၈ လ ၂၀၀၄
ညနေ ၄ နာရီ ခွဲ လောက်
အိမ်ကို ဖုန်းလာတယ် . .
ကျွန်တော့် အဖေ အသည်းအသန် ဖြစ်လို့
ဆေးရုံတင်ထား ရတယ်တဲ့ . .
အဖေက အဲ့တုန်းက ပဲခူးမှာ
အလုပ်လုပ်နေတာ . .
ကျွန်တော်တို့ တောင်ငူကနေ
ချက်ချင်း လိုက်သွားခဲ့တယ် . .
ကျွန်တော်တို့
ပဲခူးကိုရောက်တော့
ကျွန်တော့အဖေ မရှိတော့ဘူးတဲ့
သူတို့ ကျွန်တော့်ကိုပြောကြတယ်. .
ကျန်တဲ့လူတွေ အားလုံးငိုနေကြတယ် . .
ကျွန်တော် ငိုလို့ မရဘူး ဗျာ . .
အဲ့နေ့က မိုးတွေ ရွာနေခဲ့တယ် . .

တပတ်ခါ ကြရင်
အဖေ့ ၃ နှစ် ပြည့်ဆွမ်းကျွေးရှိတယ် . .
ကျွန်တော့် မွေးနေ့လည်း ဖြစ်တယ် . .
ညနေကားနဲ့ တောင်ငူပြန်မယ် . .

ကျွန်တော်အတွက်
မွေးနေ့ ဆိုတာ
ပျော်ရွှင်စရာ ဟုတ်ရဲ့လား မသိဘူး . .
သေချာတာကတော့
အဲ့နေ့ မှာ
ကျွန်တော့် အဖေနဲ့ သက်ဆိုင်တဲ့
အတွေးတွေ ကျွန်တော် တွေးနေလေ့ ရှိတယ် . . .

မွေးနေ့ မှာ အားလုံးပျော်ရွှင်ကြပါစေ . .



Thursday, August 9, 2007

Good.



သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ . .
သင်မကောင်းလျှင်လည်း ကျွန်ုပ်မဆိုးပါ . .
သင်ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ်မဆိုးပါ . .
ကျွန်ုပ် မဆိုးပါ . .
ကျွန်ုပ် တကယ် မဆိုးပါ . .
ကျွန်ုပ် လုံးဝ မဆိုးပါ . .


Wednesday, August 8, 2007

lesson 1



အချစ်ဆိုရင်တော့
ကျွန်တော့ ဆီမှာမရှာပါနဲ့ . .

ရှိဘူး . .
ဘယ်သူယူသွားလဲ မမှတ်မိဘူး . .

အချစ်ပေးချင်ရင်လဲ
ကျွန်တော့ ကိုတော့ မပေးပါနဲ့ . .

ယူဘူး . .
ပူလောင်လွန်းလို့ . .

အချစ်အကြောင်းဆွေးနွေးချင်တယ်ဆိုရင်တော့
ရတယ် . .
ကျွန်တော် ကျန်ရစ်ခဏခဏဖြစ်ဘူးတယ် . .
ကျွန်တော့် အသည်းကွဲ အတွေ့အကြုံထဲ ကနေ
နည်းနည်းမျှဝေလို့ရမယ် . .

အလွမ်းကိုသိချင်ရင်တော့
ပြောပြလို့ရဘူး . .
Self study လုပ်ပါ . .

အမုန်းကိုသိချင် . .
No no ကျွန်တော်မမုန်းတတ်ဘူး . .

ဗျာ . .ယောက်ကျားလေးတစ်ယောက်ရဲ့ အလှဆုံးအချိန်..
ဟီဟိ . . . ပြောတတ်ဘူး . .
မိန်းကလေးတွေကိုမေးပါ . .

အကြံဥာဏ်လား . .
အချောဆုံးကိုလဲ မရှာပါနဲ့ . .
အပေါဆုံးကိုလဲ မရှာပါနဲ့ . .
နှစ်မျိုးစလုံးက မောရတယ် . .
အဝေးဆုံးကို ကြီးလဲ မမျှော်ပါနဲ့ . .
အနီးဆုံးကို ကြီးလဲ ဦးစားမပေးပါနဲ့ . .
ကောင်းဘူး . . ဘာလို့လဲ ပြောတတ်ဘူး . .
နည်းစနစ်ကိုလဲ တရားသေ မဆုပ်ကိုင်နဲ့ . .
မလိုအပ်ရင် ရှိတဲ့အစွမ်းကို အကုန်ထုတ်မသုံးပါနဲ့ . .
ပင်ပန်းတတ်တယ် . .

ဒီနေ့တော့
ဒီလောက်ပဲ . .
မနက်ဖြန်တော့
မနက်ဖြန်လောက်ပဲ . .
ဟုတ်ပြီလား. .


Tuesday, August 7, 2007

date me anytime u want . .



အေးအေးဆေးဆေး နေပါရစေတော့ . .

ကျေှးဇူးပြုပီး
ငါ့ဘ၀ထဲကိုဝင်မလာခဲ့ပါနဲ့တော့ . .

ပြန်တွေးကြည့်တော့လည်း
. . .

မင်းလိုတဲ့အချိန်မှာ
ငါကိုထပ်ချိန်းပါ . . .
ပီးရင် မင်းမလာနဲ့ပေါ့ . .
ငါမင်းကို စောင့်နေပါ့မယ် . .

တစ်ယောက်တည်းသောက်ရတော့လည်း
နည်းနည်းအေးသလိုလို . .

ကော်ဖီတစ်ခွက်ရယ် ငါရယ်
မိုးပွားလေးတွေကို ထိုင်ကြည့်ပြီး
မင်းကိုမျှော်နေပါ့မယ် . .

ကြွားပါရစေဦး . .
ဒီ လူ့ဘ၀ ၂၃ နှစ်အတွင်း
အဲဒီအချစ်ဆိုတာကြီးကို
မယ်မယ်ရရ မထိရှခဲ့ဖူးပါဘူး . .

ဒါပေမဲ့လည်း ငါနားလည်ခဲ့တာကို
ငါနားမလည်ချင်ခဲ့ဘူး . .

ငါသိပ်သဘောထားကြီးတဲ့ကောင်
မဟုတ်ပါဘူး . .
ဒါပေမဲ့ မင်းအတွက်မလိုအပ်ဘူးဆိုရင်
ငါထပ်မနှောင့်ယှက်တော့ပါဘူး . .

ငါတစ်ယောက်တည်း ကော်ဖီသောက်နေရလဲ
မင်းကိုလွမ်းရင်း ငါကျေနပ်နေပါ့မယ် . .

ထပ်ပြီးပြောပါရစေဦး . ..
မင်းလိုတဲ့အချိန်မှာ
ငါကိုထပ်ချိန်းပါ . . .
ပီးရင် မင်းမလာနဲ့ပေါ့ . .
ငါမင်းကို စောင့်နေပါ့မယ် . .

လွမ်းရင်း . . လွမ်းရင်း . .






Saturday, August 4, 2007

Love being with her



လူသန်းပေါင်း ၆၀၀၀ ကျော်ထဲက
ကိုယ့်ကို အမှန်တကယ် နားလည်ပေးနိုင်တဲ့
လူတစ်ယောက်ရှိနေတာကိုပဲ
ကျေနပ်တယ် . .

မျက်စိမှိတ်လိုက်တိုင်း
အိပ်ပျော်မဲ့ညတွေကို
သူဖန်ဆင်းပေးနိုင်တယ် . .

ကိုယ်ပြောလိုက်တဲ့ စကားသံတွေကို
လေထဲမှာဘဲ
ဘယ်တော့မှမပျောက်ပြက်သွားအောင်
သူနားထောင်ပေးနိုင်တယ် . .

ကိုယ်ပြုံးလိုက်တိုင်း
သူနှလုံးသားနဲ့ နားလည်ပေးနိုင်တယ် . .
ကိုယ်ဘယ်တော့မှမလဲကျသွားအောင်
သူဖေးမပေးနိုင်တယ် . .

သူ့အကြောင်းပြောနေရတာကိုက
လောကကြီးရဲ့ပြည့်စုံခြင်းပဲ . .
သူတည်ရှိနေခြင်း ကိုက
လောကကြီးရဲ့ပြည့်စုံခြင်းပဲ . .


Friday, August 3, 2007

Let soft and live life happy



ပေါ့ပေါ့ပါးပါးပေါ့ . .
သောကအမောတွေကို
ဖြေလျှော့လိုက် . .
ဘ၀ကိုပြုံးပြုံးလေးရင်ဆိုင်မယ် . .

တိုတောင်းလွန်းလှတဲ့ဘ၀မှာ
ရုန်းကန်ရခြင်းတွေနဲ့ ပဲ
အချိန်ဖြုန်းမနေပါနဲ့တော့ . .

ငါတို့စိတ်တွေပေါ့ပါးဖို့
ရုပ်ဝတ်ထုတွေ ဂုဏ်ဒြပ်တွေရဲ့
အရေးပါမှုကို
ခဏလောက် မေ့လိုက်ကြရအောင်လာုး . .

ငါတို့
အတူတူ ပြုံးနေကြရင်
လောကကြီးက တကယ်
ပျော်ဖို့ကောင်းလာအုံးမှာပါ . .
ပာုတ်တယ်ပာုတ် . .



ရေးပေးသွားကြပါအုံးနော် . . .