Tuesday, September 18, 2007

who



မနက်ဖြန်တွေ
ဘယ်လောက်များ
လွတ်ကျနေအုံးမှာလဲ . .

မင်းမရှိပဲ
ဘ၀ကို ဖြတ်သန်းရတာ
တကယ်ကို မလွယ်ဘူး. .

မင်းနှုတ်ခမ်းဖျားကနေ
နှစ်သိမ့်သံလေးတွေ
ကြားချင်သေးတယ် . .

အတိတ်ကို ပြန်တွေးမိတိုင်း
ရင်ထဲမှာ
ရုတ်ရုတ်သဲသဲ ဖြစ်မိသေးတယ် . .

ကိုယ်တို့
သိပ်ချစ်ခဲ့ကြဘူးတယ်နော် . .

အေးလေ. .
လမ်းခွဲပြီးခါမှ
ဝမ်းမနည်းကြကြေးလို့
မင်းပြောခဲ့ဘူးသားပဲလေ. .

ပြန်ပြောခွင့်သာရှိအုံးမယ်ဆိုရင်
မလွန်ဆန်နိုင်ဆုံးအရာဟာ
အချစ်ပါပဲလို့ . .

နီးနီးကပ်ကပ်
ပြန်ရှိချင်ပါသေးတယ်
ကိုယ်အချစ်ဆုံးသောမင်းနဲ့ပေါ့ . .

အလွမ်းတွေ
ပြန့်ကျဲနေတယ် . .
ဘယ်သူ
စောင်းငဲ့ကြည့်မှာတဲ့လဲ . .



Wednesday, September 5, 2007

Don't say it because of her . . hee hee



လက်ဘက်ရည် ကော်ဖီ
အသောက်မှားလို့
အိပ်မပျော်တာပါ . .
သူမကို သတိရလို့ လို့
မပြောလိုက်ပါနဲ့ . .

ပြင်းရိစရာ ကောင်းလွန်းလို့
မှိုင်တွေ ငေးမောနေမိတာပါ . .
သူမကို လွမ်းလို့ လို့
မပြောလိုက်ပါနဲ့ . .

ရေချိုးခန်းထဲမှာ
သီချင်းအော်ဆိုတယ် ဆိုတာလည်း
ဆိုချင်လို့ ဆိုတာပါ
သူမနဲ့ ဘာမှမဆိုင်ပါဘူး . .

ရယ်ချင်လွန်းလို့ပါ
သူမ မရှိတာနဲ့
ကဘာ ပျက်နေတယ်တဲ့ . .




Just one time . .



အကောင်းဆုံးတွေချည်းပဲ
ပေးပါများတော့
အဆိုးနည်းနည်းလေးကို
သူမ မလိုချင်တော့ . .

တကယ်ဆို
ဒီတစ်ခါလေးပဲ
သူမကို
ဝမ်းနည်းအောင် လုပ်ဖူးတာပါ . .


Saturday, September 1, 2007

kwi kwi



မနေ့က ကောင်မလေးနဲ့
ဒီနေ့ကောင်မလေး
မနက်ဖြန်မှာ တွေ့ကြရင်
ဘာတွေဖြစ်လာမှာလဲ . .

ငါတစ်ယောက်တည်း
အဆွေးနန်းတော်က
ဘုရင်ကြီးတစ်ယောက်လို
တွေးတော်မူနေတယ်. .

စွဲလမ်းရူးသွပ်ခြင်းဆိုတဲ့
ခေါင်းစဉ်အောက်ကနေ
ငါ့ စာစီစာကုံးတွေလည်း
ရုန်းမထွက်နိုင်သေးဘူး . .

စက်ကန့်အနည်းငယ်လေးအတွင်းမှာပဲ
ကောင်မလေးတွေက
ဂျွမ်းထိုးမှောက်ခုံ . .

ရွှေပြည်တော်ကလည်း
မျှော်တိုင်းဝေးနေဆဲ . .
အလွမ်းတွေထည့်ဖို့
အိပ်ခွံအလွတ်တစ်လုံးလောက်
ပေးပါလား . .


1 September 2007




လူတစ်ယောက် ရင့်ကျက်ဖို့ဆိုတာ
တယ်လဲ မလွယ်ပါလားနော် . .

စိတ်ပိုင်းဆိုင်ရာ
တိုးတက်မှု ဟာ
တော်တော်ကို သိမ်မွေ့နက်နဲလွန်းတယ် . .

ဆက်ဆံရေး ပြဿနာ တွေ
လူမှုရေး ပြဿနာ တွေ
လူတစ်ယောက်အနေနဲ့
ရင်ဆိုင်ရတာတွေဟာ
သိပ်များလွန်းတယ် . .

အကြောင်းအရာတစ်ခုနဲ့ ကြုံတဲ့အခါ
ခံစားချက်က အရင်လာတယ်
ပြီးမှ စဉ်းစားဆင်ခြင်ခြင်းက ဦးနှောက်က
နောက်မှလာတယ် . .
ဖြစ်သင့်တာက
စဉ်းစားဆင်ခြင်ခြင်းက
အရင်လာသင့်တယ် . .

ကျွန်တော် သိထားတဲ့တရားရယ်
ကျွန်တော် ကျင့်သုံးတဲ့ တရားရယ်
တော်တော်လေးကွာနေတယ် . .

လူ့ဘ၀ကြီးမှာ
တကယ်ကို နေသားမကြသေးပါဘူး . .