Wednesday, October 17, 2007

i will be if u

နင်သာ
အဲ့လောက်မပြည့်စုံဘူးဆိုရင်
ငါနင့်ကို ဖွင့်ပြောမိမှာပါ . .

ပြည်စုံလွန်းတဲ့
နင့်အလှဟာ
မပြည့်စုံတဲ့ငါ့ဘ၀ကို
မျက်စိကျိန်းစေတယ်ဟ . .

အတ္တလို့ဆိုချင်လည်းဆိုတော့
ငါတော့ ငါချစ်တဲ့သူကို
ရိုးရိုးလေးပဲ
ဖြစ်စေချင်မိတယ် . .



Saturday, October 13, 2007

why . .



ငိုတယ်ဆိုတာ
သူဘယ်လိုမှ
ယုံမှာ မဟုတ်ဘူး . .

ချစ်ပြီးရင်
ဘာလို့များ
နောက်ပြန်မဆုတ်နိုင်ရတာလဲနော် . .

မျက်စိပျက် မျက်နှာပျက်မို့
ကိုယ့်ရင်ဘတ်ကို
သူလှည့်မကြည့်တာများလား . .

သူက ကိုယ့်အတွက်
သိပ်အရေးကြီးပြီး
ကိုယ်က သူ့အတွက်
အရေးမပါတော့တဲ့ အခါမျိုးမှာပေါ့ . .

သေချာပါပြီ
လွမ်းရမဲ့ဇာတ်ပါ . .
ဒါပေမဲ့
ကိုယ်ဆက်ကဦးမယ်. .

သူ့ကိုမြင်နိုင်ပြီး
ကိုယ့်ကိုယ်ကို မမြင်နိုင်ဘူး . .
ဘာကြောင့်များလဲ
ဘာကြောင့်များလဲ . .



Friday, October 12, 2007

just accept


ငိုချင်လည်းငိုပါ
ရီချင်လည်းရီပါ
အားလုံး မင်းသဘောပါပဲ . .

မင်း ငြင်းပယ်လောက်တယ်
ကိုယ် ကြိုးစားဦးမယ်
အားလုံး ပုံမှန်လည်ပတ်နေအုံးမှာပါပဲ . .

တစ်ခေါက်လောက် ထိရှဘူးယုံနဲ့
ဒဏ်ရာလို့ မဆိုချင်ဘူး
အဆုံးစွန် စွန့်လွှတ်ခွင့်ပေးပါ . .

ပိုင်ဆိုင်ချင်လွန်းတော့လည်း
ဆုံးရှူံးရတာကို မမြင်နိုင်တော့ဘူး
ပန်းတိုင်ကို ဇွတ်တိုးဝင်ချင်တယ် . .

ယောကျာ်းဆိုတာ မငိုရဘူး
ဒါပေမဲ့ လွမ်းလို့တော့ ရတယ်မို့လား
မင်းပြန်မချစ်ခဲ့ရင်
တစ်ဘ၀လုံး မင်းကိုလွမ်းပါရစေ . .

ဝန်ခံပါတယ်
နှုတ်ခမ်းဖျားက မုသားပြောတတ်တယ်
နှလုံးသားကတော့ မုသားပြောတတ်တယ် မထင်ပါဘူး
မင်းကို လိုလားတယ် . .

အခန်းလွတ်ထဲမှာ
အမုန်းတွေ မထဲ့လိုက်ပါနဲ့ . .
မင်းခေါင်းငြိမ့်ရုံလေးပဲ
လိုပါတယ်ကွယ် . .