Saturday, September 6, 2008

Someone

မစားနိုင် မအိပ်နိုင် ငိုကြွေးနေ
တစုံတယောက်ကို ချစ်မိတဲ့အခါ ...

အိပ်မက်မက်မိ ဆွေးမြေ့မိရင်
နင့်နေအောင်ခံစားရ
တစုံတယောက်ကို ချစ်မိတဲ့အခါ ...

ဒီအဖြစ်လေးတွေဟာ
သိပ်ထက်သန်နေတယ်လို့ ခံစားမိခဲ့ရင်
မင်း အဲ့ဒီတစုံတယောက်ကို
မမြင်ဘူးလားကွယ် ...

မင်းကို အားပါးတရ ပွေ့ဖက်ထားမယ့်
မင်းရဲ့ ခံစားချက်မှန်မှန်လေးဖြစ်စေမယ့်
နေ့တိုင်း ညတိုင်း
ငါမင်းရဲ့ တစုံတယောက် ဖြစ်လိုက်ချင်တယ် ...
မင်းအားနည်းတဲ့အခါ အားပေးဖို့
မင်းရဲ့ ခံစားချက်ပြည့်စုံသွားစေဖို့
နေ့တိုင်း ညတိုင်း
ငါမင်းရဲ့ တစုံတယောက် ဖြစ်လိုက်ချင်တယ် ...

မင်းအတွက် အနှောင့်အယှက်သက်သက်လို့
မင်း အရိပ်အကဲလေးပြယုံနဲ့
ငါထွက်ခွါသွားမယ်လို့ မင်းမသိဘူးလားကွယ် ...

အိပ်မက်မက်မိ ဆွေးမြေ့မိရင်
နင့်နေအောင်ခံစားရ
တစုံတယောက်ကို ချစ်မိတဲ့အခါ ...

ဒီအဖြစ်လေးတွေဟာ
သိပ်ထက်သန်နေတယ်လို့ ခံစားမိခဲ့ရင်
မင်းက အဲ့ဒီတစုံတယောက်ဖြစ်တယ်လို့
မမြင်နိုင်ဘူးလား ...

ငါမင်းကို အားပါးတရလေး ဖက်ထားမယ်လို့
ငါစိတ်ထဲစွဲနေတုန်းပဲ ...
မင်းမရှိပဲ မနေနိုင်ဘူး
မင်းကို မမေ့ နိုင်တော့ဘူး ...
မင်းဘယ်နေရာမှာပဲ ရှိရှိ
ငါမင်းကို စိတ်ထဲစွဲနေတုန်းပဲ ..

မင်းကို အားပါးတရ ပွေ့ဖက်ထားမယ့်
မင်းရဲ့ ခံစားချက်မှန်မှန်လေးဖြစ်စေမယ့်
နေ့တိုင်း ညတိုင်း
ငါမင်းရဲ့ တစုံတယောက် ဖြစ်လိုက်ချင်တယ် ...

>>>>> DHT အဖွဲ့၏ Someone သီချင်းကို ခံစားထားပါသည် ။

Wednesday, September 3, 2008

don't leave me

ငါ့ကို မစွန့်ခွါလိုက်ပါနဲ့ ..

ငါက စုတ်ပဲ့နေတဲ့ ကျောက်သင်ပုန်းတစ်ချပ်ပါ ..
ငါ့ရင်ဘတ်ပေါ်မှာ ချယ်မှုန်းဖို့
ကျောက်တံအကျိုးလေးတစ်ချောင်းမှ
ဘာလို့မရှိရတာလဲ ..

ငါက Floppy အဆွေးအမြေ့လေးပေါ့ ..
Memory Stick တွေနဲ့ တော့
ငါ့ကို ယှဉ်မတွေးသင့်ပါဘူး ..
ငါသူတို့လောက် မစွမ်းပါဘူး
မိန်းကလေးရယ် ..

ငါက မီးသီးတစ်လုံးဆိုရင် ..
ငါလေ လင်းထိန်ပြီးပဲနေချင်တယ် ..
ငါ့ကို အမှောင်မချထားပါနဲ့ ..
ခလုတ်လေးတော့ ဖွင့်ထားပေးပါ (မီးမလာပေမဲ့လည်း)..

ငါက အနွေးထည်အဟောင်းလေးတစ်ထည်ပါ ..
နွေရာသီမို့ ငါ့ကို သိမ်းထားမယ်ဆိုလည်း
သေသေချာချာလေး သိမ်းထားပေးပါ ..
ဆောင်းဦးစပြီဆိုရင်တော့ ထုတ်ဝတ်တော့ပေါ့ ..
တစ်သက်လုံး မသိမ်းထားစေချင်ဘူး ...

ငါ့ကို မစွန့်ခွါလိုက်ပါနဲ့ ..

Tuesday, September 2, 2008

ma lwen yel tay bu may yay

မရေးရတာ ကြာလှပြီ ...
ဒီတခါလည်း အချစ်နဲ့ပဲ ပြန်စလိုက်ကြဦးစို့ ...

ကောင်မလေးနှစ်ယောက်ကို တွေ့တွေ့နေတယ် ...
တစ်ယောက်က လိုတာထက်ပိုပြီး ငါ့ဘက်က မျှော်လင့်နေမိတဲ့သူ ..
နောက် တစ်ယောက်က လိုတာထက်ပိုပြီး သူ့ဘက်က ဇွတ်ပေးနေတဲ့သူ ...

ဒီတော့ ငါဘယ်ဘက်ကိုမှ ယိမ်းလို့ မရတော့ဝူးပေါ့ ...
ဒီတော့ ငါရှေ့တည့်တည့်ကို ဆက်လျှောက်တယ် ...

နောက်ဖြစ်လာမယ့် နတ်သမီးက ငါ့အတွက်ပဲ ..
ငါရှာတွေ့ပါလိမ့်မယ် ..
အနည်းဆုံး သုံးယောက်လောက်တော့ ...
နတ်သမီးတွေပေါပါတယ် ...

တစ်ခုပဲ တောင်းဆိုတယ် ..
နတ်သမီးရဲ့ ရင်ထဲမှာ
နတ်သမီးရဲ့ နဘေးမှာ
နတ်သားတစ်ပါးမှ ပါမလာဖို့လေးပဲ ...

Sunday, July 6, 2008

ma yay ya ter kyer p



ဖြူအောင်လည်း လုပ်လို့ရတယ် ..
မဲအောင်လည်း လုပ်လို့ရတယ် ..
အားလုံးက တို့လက်ထဲမှာပဲရှိတယ် ..

ကောင်းအောင်လည်း ပြောလို့ရတယ် ..
ဆိုးအောင်လည်း ပြောလို့ရတယ် ..
အားလုံက တို့နှုတ်ခမ်းမှာပဲရှိတယ် ..

မလွန်ဆန်နိုင်ဘူးဆိုတာလည်း မရှိစေရဘူး ..
အထက်ကအမိန့်ဆိုတိုင်းလည်းပဲ လုပ်စရာမလိုဘူး ..
တို့လုပ်ရပ်တွေကို တို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ..
တို့မှာ ဆင်ခြင်တုံတရား ရှိတယ် ..

အသိဥာဏ်ဆိုတာရှိတယ် ..
အတွေးအခေါ်ဆိုတာရှိတယ် ..
တို့တွေးချင်တာတွေးခွင့်ရှိတယ် ..
တို့ပြောချင်တာပြောခွင့်ရှိတယ် ..

တို့ဘာမှ ပိုပီးတောင်းဆိုတယ်ဆိုတာ မရှိဘူး ..
လူတစ်ယောက်ရဲ့ ရပ်တည်ချက်နဲ့
အသက်လွတ်လွတ်လပ်လပ် ရှူချင်တာပဲရှိတယ် ..

နှစ်တွေကြာခဲ့ပီ ..
တို့မှာမျက်ရည်ဆိုတာမရှိတော့ဘူး ..
အပြုံးဆိုတာ မရှိတော့ဘူး ..
တို့ကို ငိုတတ်အောင်ပြန်သင်ပေးပါ ...
တို့ကို ပျော်တတ်အောင်ပြန်သင်ပေးပါ ..



Friday, May 2, 2008

PLEASE STOP!

ခါးတဲ့အတိတ်ရယ်
နောက်ကအရိပ်လို မလိုက်ပါနဲ့တော့ . .

အားလုံးမှားတတ်ကြတာပဲ
ဘာဖြစ်လို့ ဒီအမှားလေးက
ဝဋ်လည်လို့ မပြီးနိုင်ရတာလဲ . .

ပေးဆပ်ခဲ့ပီးပဲ
နောက်ထပ် ဘာ ထပ်ပေးရဦးမှာလဲ . .

ကိုယ်စိုက်ပျိုးတဲ့အပင်
ကိုယ်ရိပ်သိမ်းနေတာပဲလေ . .
စည်ပင်က ဘာလို့လာလာ
ငြိနေရတာလဲ . .
(အင်း နိုင်နံရေးတွေ ပါလာဘီ…)

ဘ၀ဟာလည်း
မိုးပြေးလေးပါပဲ . .
မသည်းလောက်ဘူးထင်ခဲ့တာ
ခုတော့ရွှဲစိုနေရပီ . .

အသံသေးအသံညှောင်နဲ့
အလှောင်ခဏခဏခံရတယ် . .
နားနံရံတွေ ကွဲရော့မယ်..
တော်ကြပါတော့ တော်ကြပါတော့ . . .

ကံကြမ္မာ ဆော့ကစားတာကို
ခါးကော့အောင်ခံခဲ့ပြီးပြီ . .
ဒီလောက် ပိုးဆိုးပက်စက် နှိပ်စက်ရ
တော်ရောပေါ့ . .

ချာတူးလန် နက်ဖြန်တွေ
ရက်ကြိုမမှာကြနဲ့တော့ . .
ခပ်ဖျော့ဖျော့ နှလုံးသားကို
နည်းနည်းလောက် သနားပေးပါ….


Monday, April 28, 2008

Diary Post(8)

ပျော်စရာကိုရှာရင်းပျော်စရာက ငါ့ကို ပြန်ရှာနေတယ် ကြားတယ်. .ငါတို့တွေ ဘယ်အချိန်လောက်များ လေးနက်လာကြမှာလဲ . . ငါတို့တွေ ဘယ်အချိန်လောက်များလူကြီးဖြစ်လာကြမှာလဲ . .ငါတော့မဖြစ်ချင်သေးဘူး . .


my buddy 1

သူငယ်ချင်းကောင်းတစ်ယောက် ပိုင်ဆိုင်ရတာဟာ
ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ပိုင်ဆိုင်ရတာထက်ပိုတယ် . .

နှင်းစက်ကလေးတစ်စက်လို အေးမြတယ် . .
သဘောထားတွေက ပင်လယ်တစ်ခုလို ကျယ်ပြောတယ် . .
(ဒိုက်ဗင်တော့ ထိုးမချလိုက်နဲ့ သူမကြိုက်လောက်ဘူး . .)

ကြေးမုံလေးတစ်ခုလိုပဲ သူ့ရဲ့တုံ့ပြန်မှုတွေက ပီပြင်တယ် . .
ပါးကလေးဖောင်းဖောင်းနဲ့ ပန်းတွေဝေတဲ့မြို့ ကလာတဲ့ ကောင်မလေးပေါ့ . .

လက်ချောင်းတွေ စကားပြောတဲ့ခေတ်ပေါ့ . .
သူမကလည်း ကြွက်ကလေးပဲဆိုတော့
သူနဲ့ကျွန်တော်နဲ့ ကြိုးပေါ်မှာ စတွေ့ ခဲ့တာလေ . .

ကြွက်တွေထဲမှာတော့
သူမက နားလည်ရလွယ်တယ်လေ. .
(ကျွန်တော်က သိပ်နားလည်တတ်တာတော့မဟုတ်ဘူး)

တခါတခါ ပွစိပွစိလေးပေမဲ့
သူ ဘယ်လောက်ပဲ စကားတွေများများ . .
နားထောင်လို့တော့အကောင်းသား . .

သူ့ရယ်သံတွေက လွတ်လပ်တယ် ..
တိမ်သားကို အပ်ဖျားနဲ့ထိုးဆွနေရသလိုပဲ ..

သူမက တအားမ၀ဘူးဆိုရင်
တကယ်လှတဲ့မိန်းကလေးပါ . .

လူတစ်ယောက်ကို တအားခင်မိဖို့ဆိုတာ
အလိုလို ရင်းရင်းနှီးနှီးခံစားမိဖို့လိုပါတယ် ..
သူမက ခင်တွယ်တတ်ပါတယ် ..

မြန်မာမိန်းကလေးတစ်ယောက်က
သနပ်ခါးလိမ်းထားရင်
အလှတရားက ပြည့်စုံတယ် ..
သူမသနပ်ခါးလိမ်းထားတဲ့နေ့က
တစိမ်းတရံများစွာ ဆွံ့အသွားခဲ့တယ် . .

ဒီလိုရေးနေရတာ
သူမအကြောင်းကြော်ငြာပေးနေရသလိုပါပဲ .. (ပြင်းလာပီ :P)
ကိုယ်အတွက်အရေးကြီးတဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်အကြောင်းကို
ကဗျာရေးကြည့်ရတာမိုက်လို့ပါ ..








moe

မနေ့တစ်နေ့က ရွာတဲ့မိုးရယ်
နင်ဘယ်မှာလဲ . .

ငါ့နှလုံးသားတွေတောင်
စိုထိုင်းနေတုန်းရှိသေးတယ်
နင်ကသွားနှင့်နေပြီ . .

ထင်းရှူးပင်လေးတွေရော
တောင်ဂျပုလေးတွေရော
ငါကော
နင်ပြန်အလာကို ခုထိမျှော်နေတုန်း . .

တခြားအရပ်မှာလည်း
လွတ်လပ်စွာ ရွာသွန်းနိုင်ပါတယ်ဟာ . .
အခွင့်ကြုံရင် တစ်နေ့နေ့တော့
ငါတို့ဆီပြန်လာခဲ့ဦးပေါ့ . .

မိုးရိပ်မိုးသားတွေ
ရှပ်သန်းလာမဲ့နေ့ကလေးမှာ . . .


Saturday, April 26, 2008

shote 3

ဒါက အသေးအဖွဲ.. ထားလိုက် ..
ဒါက အကြီးအဖွဲ.. ထားလိုက် ..

ဒါက မရနိုင်တာ..
ဒါက ရရင် လွယ်လင့်တကူ ဆုံးရှုံးနိုင်တာ ..
ထားလိုက် ..

ဒါက ငိုရမှာ..
ဒါက ပြုံးလျက်ကြီး ၀မ်းနည်းနေရမှာ ..
ထားလိုက် ..

မဖြစ်ဘူး . .
ဒီတိုင်းတော့ မဖြစ်ဘူး ..
မဖြစ်ဘူး …
ဟိုတိုင်းလည်း မဖြစ်ဘူး ..

ကြိုးစားကြည့်ပါဦး ..
စစချင်းနည်းနည်းလေးရှုပ်တာက
နည်းနည်းရှုပ်တာ ..
နောက်ပိုင်းလည်း
ပိုရှုပ်အုံးမှာ ..


Friday, April 25, 2008

our general





Saturday, March 29, 2008

ta kyen yout chin p....

ရော . . ကဗျာကောင်းတစ်ပုဒ်ရေးမယ် လုပ်မှ
ကလောင်တောင် တော်တော်ညစ်နွမ်းနေပီ . .

အင်း သင်္ကြန်ရေနဲ့တော့
ဆေးဦးမှပဲ . .

သြော်. . သင်္ကြန် သင်္ကြန်
သင်္ကြန်ဘာလုပ်ကြရင်ကောင်းမလဲ . .

နယ်မှာဆို ဆိုင်ကယ်ဖွတ်ချက်ဖွတ်ချက်ကလေးတွေနဲ့
အမယ် .. ဟိုကောင်က နှာဘူးစီးတွေဘာတွေနဲ့ . .
မိုးကာအကျီ င်္ကြီးတွေ ဖို့ယို့ဖားယားနဲ့ . .
ဆိုင်ကယ်တွေကော လူတွေကော
ဆီအပြည့်ဖြည့်ထားတယ် . .

ဟရောင်
ဆော်တွေထွက်လှချည်လား . .
အိမ်တွင်းပုန်းလေးတွေ လည်းထွက်တယ်ကွ . .
သြော် ဒီနှစ်တော့ သူကလေးကို
ရေလောင်းဖြစ်အောင်လောင်းရမယ် . .ဟေဟေး . .

မူးရင်မမောင်းနဲ့
မောင်းရင်မမူးနဲ့
မူးပီးမောင်းလို့ရတာတစ်ခုပဲ ရှိတယ်ဆိုလား . . ဟာဟား ..

ဒီမဏ္ဏပ်ကလည်း
Disco 2000 ကြီးပဲလားကွ
သားဆိုးဖွင့်ကြလေကွာ
မြန်မာလိုမြူးရအောင် . .

ခွက်စုတ်လေးနဲ့ပတ်တာလောက်တော့
ရီတာပေါ့ ရီတာပေါ့. . ဟားဟား
ဟိုအမကြီး ငယ်ငယ်တုန်းက
**ပြောင်ကြီး **ပြောင်ကြီး . .ဟေဟေးဟေး

အားလုံးပျော်နေကြတယ် . .
အင်း ရေစိုအ၀တ်အစားနဲ့
လှချင်တိုင်းလှနေကြတယ် . .

တစ်နှစ်တာလုံး
ဘယ်လောက်ပင်ပန်းခဲ့သမျှ
သင်္ကြန်ကြတော့
ပျော်မြူးရတာကြီး. .

အားပါးပါး..
ရေခဲရေနဲ့ ဘုံးလိုက်ပက်တယ်ဟ ..

အစကပြောတော့မကဲဘူးတဲ့
မင်းလည်းဒို့လိုပဲနော်ကဲတာပဲ . .

ဗဟိုမဏ္ဏပ်ဖက်
ဒိုးကြမယ်ဟေ့ . .
ရဟူးး .. .. .

မဏ္ဏပ်ရှေ့ဝင်ကမလား
ကမယ်ဟေ့
ကကြမယ်ဟေ့ . .
ဒူဒူ ဒါဒါ . . . .
ဒူဒူ ဒါဒါ . . . .





Thursday, March 27, 2008

kyong se kway

အချစ်ကဗျာတွေ ရေးရတာ
ကိုယ့်ကိုယ်ကို ငပေါကြီးနဲ့ တူလာသလိုပဲ . .

ရူးရူးမူးမူးချစ်ရတာကို
ကြိုက်နေတာကိုက
ကိုယ့်အမှားပါ . .

ချစ်တတ်ကာစတုန်းက
တွေးမိတယ် . .
တစ်ယောက်တည်းကို
တစ်ဘ၀လုံး ပိုးစိုးပက်စက် ချစ်မယ်ပေါ့ . .
နောက်တော့လည်း ထိန်းမထားနိုင်ဘူး . .
တစ်ယောက်ထက်ပိုပီး
သုံးလေးငါးယောက် တော့ ချစ်မိတာပါပဲ . .

ရည်းစားလေးနဲ့တုန်းကတော့
အချစ်ကို သာယာတာပေါ့ဗျာ . .
သူမနဲ့အတူရှိနေရရင်တို့
သူမနဲ့သာဆိုရင်တို့ . .

ရည်းစားလက်မဲ့ ဖြစ်လာပီး
နောက်တစ်ယောက်ကလည်း
ဘယ်လိုမှ ရောက်မလာနိုင်တဲ့ အခါမှာတော့
အချစ်မလိုတော့ဘူးလို့တစ်နည်း
အချစ်သာရှိရင်ကောင်းမယ်လို့ တစ်သွယ် တွေးမိပြန်တယ် . .

နောက် ..
အသက်ကလေးလည်း အထိုက်အလျောက်ရလာ
အရွယ်လည်း ကြီးလာရင်
မျှော်လင့်စိတ်တွေ
အချစ်စိတ်တွေ လျော့သွားမယ်လို့ထင်မှတ်ခဲ့တာပေါ့ . .

ဘယ်ကလာ လျော့သွားရမှာလဲ . .
တစ်နေ့ထက်တစ်နေ့
ပိုပီးတောင့်တတတ်လာတယ် . .
တောင့်တ သာ တောင့်တ တယ် ပြောတာ
ဘယ်သူ့ကိုတောင့်တမှန်းလဲ မသဲကွာပါဘူးဗျာ . .

ငါဒါတွေကို သာယာနေတာ
ငါဒါတွေကို သာယာနေလို့ မဖြစ်ဘူးလို့
ကိုယ့်ကိုယ်ကို တရားတော်တွေနဲ့လည်း
နှစ်သိမ့်ပါသေးတယ် . .
မရပါဘူးဗျာ . .
တစ်ယောက်လောက်တော့
လိုချင်မိတာပဲ . .

အင်း..
မချစ်တတ်တဲ့စိတ်ကို
ဘယ်လိုမွေးရပါ့မလဲ . .


Monday, March 24, 2008

khat shote shote pel

ပြီးတော့လည်း ပြီးသွားတာပဲ.. ဆိုတော့ရာ . .
မပြီးတော့လည်း မပြီးသေးဘူးပေါ့ . .

ဒီတော့ မပြီးသေးတာတွေက များနေခဲ့တယ် . .
ဘ၀ဆိုတဲ့ လုပ်ငန်းထဲမှာ . .

လူတွေဘာလို့ အလုပ်ဒီလောက်လုပ်နေကြတာလဲကွာ . .
တော်ရောပေါ့ . . ဆိုတဲ့ အတွေးမျိုး ၀င်မလာဘူး . .
ခေါင်းထဲကို . .

မင်းမိုက်ရင် မင်းထွက်ခဲ့ . . မဟုတ်တော့ဘူး . .
အဲ့လိုမဟုတ်တော့ဘူး . .
မင်းမမိုက်လည်း မင်းထွက်ခဲ့ . .

ဒီလိုမျိုးဖြစ်လာမယ် . .
ဒီလို အရင်ရုန်းကန်လိုက် . .
ဒီလို အခြေအနေ. .

ပြင်းဖို့ကောင်းတယ်ကွာ . .
ဘာမှလုပ်စရာမရှိလို့
ပြင်းဖို့ကောင်းနေတာမဟုတ်ဘူး . .
လုပ်စရာတွေရှိတာတွေ
လုပ်နေရင်းနဲ့ ပြင်းဖို့ကောင်းလာတာ. .

ဒါပေမဲ့ကွာ . .
ဒီပုံစံငါမကြိုက်ဘူး ငါလက်မခံနိုင်ဘူးငါနဲ့မကိုက်ဘူးဆိုပီး . . ခု . .
ငါလည်း ဒီပုံစံခွက်ထဲ
ငါတော်တော်ကျွံဝင်နေပီ . .


Saturday, March 15, 2008

pout kwel chin (1)

စိန်ခေါ်မှုတွေ ကင်းမဲ့တဲ့နေရာကို
ခင်ဗျားရောက်သွားတဲ့အခါ . .

ကျုပ်ရဲ့အခြေအနေကို
ခင်ဗျားနားလည်လာလိမ့်မယ် . .

ကျုပ်တော့
ကျုပ်ကိုကျုပ်ပြန်စိန်ခေါ်ပစ်တာပဲ . .

တကယ်ဘာအာမခံချက်မှ
သူတို့မပေးနိုင်ဘူးလေ . .
ဒါနဲ့များသူတို့ ထိပ်ဆုံးမှာနေနေကြတာလဲဗျာ . .
အရည်အချင်းလဲမရှိပါပဲနဲ့ . .

ကျုပ်တို့ကိုကျုပ်တို့
ကိုယ့်ဘာသာကို ပျိုးထောင်ရတယ် . .
ကျုပ်တို့ ဖြစ်ထွန်းလာရင်လည်း
သူတို့ တန်ဖိုးထားထိန်းသိမ်းတာမဟုတ်ဘူးဗျ . .
ကဲ … ကျုပ်တို့လစ်မယ်ဆိုတော့လည်း
မင်းတို့က သစ္စာမရှိဘူး
အတောင်စုံတော့ ပြန်ချင်ပီပေါ့တို့ ဘာတို့
ထေ့ငေါ့ကြသေးတယ် . .

ဒါကျုပ်ခုမှ မကျေနပ်တာမဟုတ်ပါဘူး . .
တစ်ဘ၀လုံး မကျေနပ်ခဲ့တာပါ . .


Friday, March 7, 2008

ho lo 2 d lo 2

ဘယ်သူတွေမှန်းလည်း
မသိဘူး . .
ဘာတွေမှန်းလည်း
နားမလည်ဘူး . .

သုညတွေပြည့်နေတဲ့
နေ့တွေထဲမှာ . .

ဆိုးတယ်ကောင်းတယ်လည်း
မခွဲခြားဖြစ်ဘူး . .
အဆင်ပြေသလိုပဲ
အုတ်ရောရော ကျောက်ရောရောလေးပါပဲ . .

နေခဏခဏညိုနေတာလေးရယ်
တိမ်ခဏခဏထူနေတာလေးရယ် . .

မဖြစ်သေးဘူးဆိုတာမျိုးလည်း
မတွေးဖြစ်ဘူး . .
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
တောင်ကြည့်မြောက်ကြည့် သဘောမျိုးလေးပဲ . .

လေပူတွေတိုက်နေတာလေးရယ်
ပုံမှန်မဟုတ်တာလေးတွေ ပုံမှန်ဖြစ်နေတာလေးရယ် . .

ကိုယ့်အသက်ကိုလည်း
ပြန်မတွက်ဖြစ်ပါဘူး . .
လူငယ်ရယ် လူကြီးရယ်လည်း မဟုတ်ဘူးပေါ့
ဘယ်သူ့အကြောင်းရယ်မှ မယ်မယ်ရရ မစဉ်းစားမိတာလေးပါ . .

အရှိန်အဟုန်ရယ်လည်းကင်းမဲ့
ပျံသန်းခြင်းလေးတွေ မပျံသန်းဖြစ်တာလေးရယ် . .

ဒီဟာတွေလည်း
ဒီလိုပါပဲလေ . .

love?

ကိုယ်ကလွဲရင်
အားလုံးက ကိုယ့်အိပ်မက်နဲ့ကိုယ်
ကိုယ့်ခြေလှမ်းနဲ့ကိုယ် သွားနေကြတာလေ . .

ကိုယ်နှုတ်ဆက်လိုက်လို့
သူလမ်းလွဲသွားမှာ
သူခရီးဖင့်မှာလည်း စိုးထိတ်မိပါသေးတယ် . .

အဖော်မွန်မဖြစ်နိုင်ဘူးလေ . .
စိတ်ထဲမှာတော့ သူနဲ့အတူလျှောက်ချင်တဲ့ဆန္ဓတွေ
မျိုသိပ်လိုက်ပါတယ်လေ . .
သူ့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေမှာ မလိုလားဘူးလေ . .

ကိုယ်လည်း
ကိုယ့်လောက်တော့ နွေးထွေးပါတယ်လေ . .
သာယာဖို့ကောင်းတယ် မကောင်းဘူးဆိုတာ
သူ့အလိုဆန္ဓပဲလေ . .

တစ်ယောက်တည်းလည်း
လျှောက်တော့လျှောက်ရမှာပဲလေ . .
သူရှိရင်
အားလုံးပြည့်စုံလိမ့်မယ်လို့ တွေးမိနေတာလေ . .


Friday, February 29, 2008

love?

အချစ်သည်ကား
ထိုသို့သာတည်း . . ။
မခေါ်ပဲနှင့်
ပယောဂမဲ့
ရောက်လာတတ်၏ ။
မပြောမဆိုပဲ
တိတ်တဆိတ်စွန့်ခွာသွားတတ်၏ ။
အလွမ်းတစ်သိန်းနှင့်
ကျန်ရစ်သည်မှာ
နုနယ်သောနှလုံးသားများသာ ။

အချစ်သည်ကား
ထိုသို့သာတည်း . .။
ပိုင်ဆိုင်ချင်စိတ်ထက်
ထွေးပိုက်ချင်စိတ်ကများ၏ ။
တစ်ဖက်သားသည်ကား
ငြင်းဆန်ခြင်းနှင့်သာ မွေ့လျော်နေ၏ ။
ကိုယ့်အတွက်ကား
သူက ဘ၀အဖော်မွန် . .
သူ့အတွက်ကား
ကိုယ်က ဘ၀အဟန့်အတား . .
မရည်ရွယ်ပဲ
တိုက်ဆိုင်တတ်၏ ။

အချစ်သည်ကား
ထိုသို့သာတည်း . .။
စူးနင့်စွာ
ချစ်မိတတ်၏ ။
ရင်နင့်စွာ
စွန့်ခွာသွား၏ ။
တစိမ့်စိမ့်လေးနှင့်
တစ်ဘ၀စာလွမ်းနေတတ်၏ ။

အချစ်သည်ကား
ထိုသို့သာတည်း . .။
မျှော်တလင့်လင့်ဖြင့်
စောင့်နေတတ်၏ ။
ရှာဖွေပါလျက် မတွေ့ရှိ
မျှော်နေပါလျက် ရောက်မလာ
အလွဲတွေနှင့်သာ . .
အလွဲတွေနှင့်သာ . . ။


Saturday, February 16, 2008

oh friend, cry!

အိုသူငယ်ချင်း . .
ငါ့အမြင်တော့ လူနှစ်မျိုးပဲရှိတယ်ကွ . .
တစ်မျိုးက ရည်းစားရှိတဲ့သူ
နောက်တစ်မျိုးက ရည်းစားမရှိတဲ့သူ . .
မင်းရောငါရောက ဒုတိယ အမျိုးအစားပေါ့ကွာ ဟီဟီး . . .

အိုသူငယ်ချင်း . .
သူမင်းကို ပြန်မချစ်တာဟာ
အသိုင်းအ၀ိုင်းတွေ ဂုဏ်ပကာသနတွေ ပညာမာနတွေရယ်ကြောင့်လည်း မဟုတ်လေဘူး . .
သူက ခေါင်းခေါက်ရွေးလို့ ရတဲ့သူ
မင်းက ပိုးဟပ်ကြီးလေကွာ အဲ့ဒါကြောင့်လေးပါ ဟီဟီး . . .

အိုသူငယ်ချင်း . .
သူမင်းကို ပြန်မချစ်တာဟာ
သူ့ ရဲ့လွတ်လပ်ခွင့်ဖြစ်ပါရဲ့ . .
သူ မချစ်ချင်တာကြီးကို မင်းက အတင်းပြန်ချစ်ခိုင်းနေမယ်ဆိုရင်
ဒါမင်း အကြမ်းဖက်နေတာပဲကွ . .
အိုသူငယ်ချင်း အကြမ်းဖက်သမားတော့ မဖြစ်ပါစေနဲ့ ဟီဟီး . . .

အိုသူငယ်ချင်း . .
သူမဘက်မှာ တခြားတယောက်ကို မျှော်လင့်နေတာ . .
နို့မဟုတ် သူမမှာ ချစ်သူရည်းစားရှိနေငြားကလည်း
မင်းဟာ သူမရဲ့ စည်းကမ်းကို အနှောင့်အယှက်ပေးသူ ဖြစ်အံ့ . . ဟီဟီး . .

အိုသူငယ်ချင်း . .
ပိုပီးမျှော်လင့်ခြင်းဟာ ပိုပီးဆုံးရှုံးခြင်းမည်၏ ။
မမျှော်လင့်နေပါနဲ့တော့ . .
တော်နေကြာ
ချစ်သူတစ်ယောက်မရရှိတာထက်
သူငယ်ချင်းအစစ်တစ်ယောက်ဆုံးရှုံးရတာက ပိုဆိုးနေလိမ့်မယ် . . ဟီဟီး . .

အိုသူငယ်ချင်း . .
ငိုကွာ အကြီးအကျယ်ငိုချပစ်လိုက် . .
ငိုပစ်လိုက်စမ်းကွာ . . ဟီးဟီး . .
ရော့တစ်ရှူး . . ကမူရှူးထိုးတွေတော့ မလုပ်နဲ့ကွာ . .
ငြိမ်ငြိမ်လေးကွဲလည်း အသည်းကွဲတာပဲလေ . . ဟီဟီး . .


Monday, February 4, 2008

ma lwan nelt tot

အတိတ်အိုတွေကိုထမ်းပီး
အလွမ်းကို ခါးဆီးခံမနေပါနဲ့တော့
မိန်းကလေးရယ် . .
ပီးခဲ့တာတွေ ထားလိုက်တော့ . .

ငြီးငွေ့လွယ်တတ်တဲ့လူ့သဘာဝနဲ့
တည့်အောင်နေကြည့်ပေါ့ . .
အစွဲအလမ်းတွေက
တစ်ပွဲတစ်လမ်းလောက်ပဲ
အကဲစမ်းတာကောင်းပါတယ် . .

သူက စွန့် ခွာသူလေ
ကိုယ်က ကျန်ခဲ့သူ . .
လူဆိုးကို လွမ်းရတာ တန်ရဲ့လား . .

အမှန်တော့
ငါလည်း သိပ်ပြောတတ်တာ ဟုတ်ပါဘူး . .
သိသလောက် မှန်းပီး
အားပေးနေရတာ . .







Friday, February 1, 2008

my place

မြေဇီလွှာမကောင်းလို့
ပန်းမပေါက်တဲ့အရပ် . .

ခေတ်မကောင်းလို့
ငြိမ်နေတာကွလို့ အော်ပီး
တစ်ဘ၀လုံး
လူခြေတိတ်နေခဲ့တဲ့အရပ် . .

မြစ်တွေ ချောင်းတွေရေစီးရပ်ပီး
ငါးမပျော်တဲ့အရပ် . .

တိမ်မည်းတွေ ဇိမ်ဆွဲနေလို့
သုံးရာသီလုံး မိုးခေါင်တဲ့အရပ် . .

သစ်ပင်တွေ စိမ်းခဲ့ဘူးတယ်လို့
တစ်ချို့တွေကလည်း ပြောနေကြရဲ့ . .

မိုးလင်းတာနဲ့ မိုးချုပ်တာ အတူတူပဲလို့ထင်ရလောက်အောင်
အိပ်ချိန်အနည်းဆုံးနဲ့
တစ်နေ့လုံး ရုန်းကန်ရတဲ့အရပ် . .

အဆင့်မြင့်တာထည့်ပြောရရင်
ရွာကြီးက ကမ္ဘာကြီးဖြစ်နေပြီဗျ . .
ရွာထဲက လူတိုင်း
ရွာရိုးကိုးပေါက် မလျှောက်ဖြစ်ကြတာကြာလှပီလို့ ဆိုတဲ့အရပ် . .

မနက်ဖြန်ဘာဖြစ်မလဲဆိုတာထက်
ဒီနေ့ဆန်မရှိဘူးဆိုတာက အရေးကြီးတဲ့အရပ် . .

ဒီအရပ်ကို ခွာတဲ့လူလည်း ခွာကြပီ . .
ချာချာလည်တဲ့လူတွေကလည်း ချာချာလည်နေကြတုန်းပဲ
မရပ်သေးဘူး . .
မျိုးဆက်သစ်တွေ ကျဲလာ နည်းလာတဲ့ အရပ် . .

မနာကြီး အားပါဘူး မောင်ရင်ရယ်ဆိုပေမဲ့
ပွဲကြီးပွဲငယ် သေးသွယ်သွားရရှာတဲ့အရပ်. .





Thursday, January 31, 2008

Diary Post(7)

ဘာမှမဟုတ်ပါပဲနဲ့
အချိန်ကုန်သွားမှာကို နှမြောတယ်. .

သူများတွေ အဓိပ္ပါယ် ရှိတာတွေ လုပ်နေတဲ့အချိန်မှာ
ကိုယ်က အဓိပ္ပါယ်မဲ့စွာနဲ့ ဖြတ်သန်းရမှာ ကြောက်တယ်. .

တအားကြီးရင်းရမှာ သိတယ်
ဒါပေမဲ့ အများကြီးရှေ့ကိုရောက်ချင်တယ် . .


Friday, January 25, 2008

temp love ?

အများကြီး အများကြီး ခြားထားသလိုခံစားရတယ်ဟာ
ဒါပေမဲ့လည်း နင်ပြောသလိုပဲ “ထားပါ” ပေါ့ . .

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ခံယူတတ်တယ် . .
အချစ်ဟာ မဖြစ်နိုင်တဲ့ထဲမှာ ပါတာပဲလေ . .

သိပ်တွေးတတ်လာတဲ့ အသိဥာဏ်ဟာ
နင်နဲ့ငါမနီးစပ်ဖို့ကို ပိုတားမြစ်လာသလိုပဲ . .

ခဏတာစွဲလမ်းခြင်းတွေလို့ နင်ထင်နေမှာပဲနော် . .
ခဏတာစွဲလမ်းခြင်းတွေက တစ်ဘ၀တာဖြစ်သွားနိုင်တယ်လို့
ဘယ်သူတပ်အပ် သိနိုင်မှာတဲ့လဲ . .

ခြွင်းချက်လေးတော့ ရှိတာပေါ့ဟာ . .
ငါ့ရင်ထဲက သေချာတာတော့ ဟုတ်တယ် . .
ဒါပေမဲ့ ပြင်ပက သိပ်အရေးကြီးတဲ့ အရာတစ်ခုက
တောင်းဆိုလာရင်တော့ ငါလည်း ငြင်းရဲမှာ မဟုတ်ဘူး . .

ငါတို့ဟာ
ငါတို့ အချစ်ကို ဘယ်လောက်ပိုင်သလဲ . .
ငါတို့ဟာ
ငါတို့ နှစ်ယောက်ရဲ့အချိန်တွေကို ဘယ်လောက်ပိုင်သလဲ . .

ဘာမှမမြဲဘူးဆိုတာလေးက
ငါတို့ကို အလဲထိုးအနိုင်ယူသွားတော့မှာလား . .

မသေချာခြင်းတွေရယ်
မဖြစ်နိုင်ခြင်းတွေရယ်
မင်းတို့တွေ ထွက်သွားပါ . .



Thursday, January 24, 2008

yay cher myay cher

ရေခြားမြေခြား . . .

ကမ္ဘာကြီးက ကျဉ်းပါတယ်ဟာ . .
ငါတို့တွေ ပျင်းနေကြလို့သာ
မဆုံနိုင်ကြတာ . .

ငါတို့ဟာ
အဓိပ္ပါယ်မရှိတဲ့
အဓိပ္ပါယ်တွေ . .
ခရီးမရောက်တဲ့
ခရီးသွားတွေ . .

အမြီးအမှောက် မတည့်သေးတဲ့
အမိမြေကိုလည်း ပြန်ဖြစ်အုံးမှာ မဟုတ်သေးဘူး . .

ချွေးတဒီးဒီး မကျပေမဲ့
ဘယ်လောက်ပဲ အဆင်ပြေပြေပေါ့
ရပ်ဝေးမှာ အခြေမချချင်ဘူး . .

အမှောင်ကို အလင်းဆောင်ဖို့
အမှန်တရားအပြင်
ဘာတွေလိုသေးလဲ . .



Thursday, January 17, 2008

Daily Life (1)


rap: ကိုးနာရီဆို
ရုံးကို အရောက်လာပီး . . .

Chorus: ဟိုဘက် ပိုးလိုက် ဒီဘက်ပိုးလိုက်
ပိုးရင်းနဲ့ chat လိုက် . .
Chat ရင်းနဲ့ပိုးလိုက် . .

rap: ရုံးဆင်းပီဆို ရေမိုးသွက်သွက်ကလေးချိုး
Net ဆိုင်ကို အမြန်ပြေး . .

Chorus: ဟိုဘက် ပိုးလိုက် ဒီဘက်ပိုးလိုက်
ပိုးရင်းနဲ့ chat လိုက် . .
Chat ရင်းနဲ့ပိုးလိုက် . .

rap: Friendster မှာ account ဖွင့်
Orkut မှာ account ဖွင့်
Zorpia မှာ ဓာတ်ပုံတင်
ချောသမျှ invite လုပ်ပီး . .

Chorus: ဟိုဘက် ပိုးလိုက် ဒီဘက်ပိုးလိုက်
ပိုးရင်းနဲ့ chat လိုက် . .
Chat ရင်းနဲ့ပိုးလိုက် . .






Wednesday, January 16, 2008

shaki(1)

အရက်က သစ္စာရှိတယ်
မိန်းမက သစ္စာမရှိဘူး . .
အရက်က သောက်ရင်သောက်သလောက် ပြန်မူးတယ်
မိန်းမက ပြန်မချစ်ဘူး . .
ဒီတော့ အရက်ပဲသောက်တယ် ဘာဖြစ်လဲ . . lol

ဘေးခန်းက ဘော်ဒါတွေ
ရှက်ကီ ဖဲ့ရင်းပြောနေကြတဲ့စကားတွေပါ . . .



Friday, January 11, 2008

Diary Post(5)

ငါ့ရဲ့စိတ်ကဟာတစ်စုံတစ်ယောက်ကို တောင့်တတယ်ဟာချစ်သူလိုမျိုးပေါ့
ငါတစ်ယောက်တည်းနေရတဲ့ အချိန်တွေ အရမ်းများတယ်လို့ခံစားရတယ်
အဲ့လိုအချိန်မှာငါချစ်သူမဟုတ်တောင်
နားလည်ပေးတဲ့သူတစ်ယောက်လောက်လိုချင်တယ်
ချစ်သူရှာဖို့လည်း အချိန်မပေးနိုင်ဘူးဟာ
ဒါပေမဲ့ဘယ်လိုပြောရမလဲအဖော်လိုချင်တဲ့စိတ်က

တခါတခါ ငါ့ကို depress ဖြစ်စေတယ်ဟာ





Diary Post(4)

ငိုချင်ရဲ့
မျက်ရည်မရှိ. .

အိုချင်ရဲ့
အသက်ကမကြီး . .

လိုချင်ရဲ့
အချစ်ကမနီး . .



Thursday, January 10, 2008

Diary Post(3)


အနည်းငယ်သော အပြောင်းအလဲကတောင်

ကိုယ့်ကို အကောင်းဘက်ကို ဆွဲတင်နိုင်မယ် . .

အခြေအနေက မပြောင်းလဲလာရင်

ကိုယ်က အခြေအနေကိုပြောင်းလဲပစ်မယ် . .


Wednesday, January 9, 2008

ho ho de de 1

ပိုပြီးမျှော်လင့်တဲ့သူက
ပိုပြီးပင်ပန်းရတယ်တဲ့ . .

ဘာကိုမှ
မမျှော်လင့်ချင်တော့ဘူး . .

မသေချာခြင်းတွေ
အများကြီးပဲနော် . .

နှစ်သိမ့်တာခံခြင်းယုံလေးသက်သက်နဲ့
စိတ်ဓာတ်တွေမြေခနေခဲ့တာကြာပီ . .

မှိန်ပြပြကလည်း
အလင်းရောင်ပါပဲလေ . .

ဖိနပ်မရှိလည်း
လမ်းရှိနေတာပဲနော် . .

ကိုယ့်ကိုယ်ကို
စိတ်ခုနေတာတော့ မကောင်းဘူးနော့် . .

စီကာပတ်ကုံးတွေမပါဘူးလေ
ခံစားချက်ကိုတော့ တန်ဖိုးထားလို့ရပါတယ် . .