Monday, December 24, 2007

wanna meet



ခံစားစရာ ရသတွေ
အများကြီး ရှိတာတောင်
ဘာကြောင့်
မင်းတစ်ယောက်ကို ပဲ
တောင့်တနေရတာလဲ . . .

ပုံရိပ်တွေ
အများကြီး ရှိတာတောင်
မင်းမျက်နှာလေးကိုပဲ
ရွေးမြင်ချင်မိတယ် . . .

အချိန်ရာသီတွေ
အရေးမကြီးဘူး . .
မင်းနဲ့နီးဖို့ကိုပဲ
စိတ်မှာ ရည်သန်နေတယ် . . .

ပြန်လာမှာလား
လိုက်ရှာရမလား
မင်းနဲ့
ဆုံချင်တယ် . . . .


No comments: