Thursday, August 23, 2007

23 August 2007



အရူးရေ

ငါတော့ ခေါင်းကိုမူးနေတာပဲ
ငါ့ အတွေးတွေက ချာချာလည်
ငါ့မျက်လုံးတွေလည်း ပြာနှမ်းလို့

ငါလမ်းလျှောက်သူများအားလုံးကို လေးစားသည်
ငါကိုယ်တိုင်တော့ မလျှောက်ရဲပါ

ငါ့ Gtalk Message လေးပါ
“တိုင်းပြည်အရေးကို ငါတို့ အဝေးကဘဲ ထိုင်ကြည့်နေရမှာလား
ငါဟာ online ပေါ်မှာသာ ရဲရင့်တယ်”

မနေ့က Radio မှာ
ဘဲကြီးတပွေက ပြောတယ်
အနာနဲ့ဆေး တွေ့ မှာမဟုတ်ဘူးတဲ့
ငါလည်း အဲ့လိုပဲထင်တယ်

ဒါဆို ဒီအတိုင်းနေတော့ရော
ဘာထူးလာမှာတဲ့လဲ

ငါတို့ ဒီ Generation မှာမှ
မဖြိုချနိုင်ခဲ့ဘူးဆိုရင်
နောက် Generation ဘယ်နှစ်ဆက်လောက်ထိ
ဒီဝဓ်ကျွေးကို ခံစားကြရအုံးမှာလဲ

လူတစ်စုလောက်လေးကောင်းစားဖို့
လူသန်းပေါင်းများစွာ စတေးခံနေကြရတာ
မတန်ဘူးကွာ

ငါ့ရင်ဘတ်ကို
အပြင်ဆွဲထုတ်ပြလိုက်ချင်တယ်
ဒါပေမဲ့
ဘာမှ ထွက်လာမှာ မဟုတ်ဘူး





No comments: