Friday, August 10, 2007

Happy birthday to me.



စိတ်ညစ်စရာတွေ
မပြောပြချင်ပါဘူး . .
ဒါပေမဲ့
ကျွန်တော့် အဖြစ်အပျက်လေးအချို့ 
ဆွဲထုတ်ကြည့်ရအောင် . .

၁၂ ရက် ၈ လ ၁၉၈၄ မှာ
ကျွန်တော့် ကို မွေးခဲ့တယ် . .
အဲ့နေ့က မိုးတွေရွာနေခဲ့တယ် . .

၁၂ ရက် ၈ လ ၂၀၀၄
ညနေ ၄ နာရီ ခွဲ လောက်
အိမ်ကို ဖုန်းလာတယ် . .
ကျွန်တော့် အဖေ အသည်းအသန် ဖြစ်လို့
ဆေးရုံတင်ထား ရတယ်တဲ့ . .
အဖေက အဲ့တုန်းက ပဲခူးမှာ
အလုပ်လုပ်နေတာ . .
ကျွန်တော်တို့ တောင်ငူကနေ
ချက်ချင်း လိုက်သွားခဲ့တယ် . .
ကျွန်တော်တို့
ပဲခူးကိုရောက်တော့
ကျွန်တော့အဖေ မရှိတော့ဘူးတဲ့
သူတို့ ကျွန်တော့်ကိုပြောကြတယ်. .
ကျန်တဲ့လူတွေ အားလုံးငိုနေကြတယ် . .
ကျွန်တော် ငိုလို့ မရဘူး ဗျာ . .
အဲ့နေ့က မိုးတွေ ရွာနေခဲ့တယ် . .

တပတ်ခါ ကြရင်
အဖေ့ ၃ နှစ် ပြည့်ဆွမ်းကျွေးရှိတယ် . .
ကျွန်တော့် မွေးနေ့လည်း ဖြစ်တယ် . .
ညနေကားနဲ့ တောင်ငူပြန်မယ် . .

ကျွန်တော်အတွက်
မွေးနေ့ ဆိုတာ
ပျော်ရွှင်စရာ ဟုတ်ရဲ့လား မသိဘူး . .
သေချာတာကတော့
အဲ့နေ့ မှာ
ကျွန်တော့် အဖေနဲ့ သက်ဆိုင်တဲ့
အတွေးတွေ ကျွန်တော် တွေးနေလေ့ ရှိတယ် . . .

မွေးနေ့ မှာ အားလုံးပျော်ရွှင်ကြပါစေ . .



No comments: