Saturday, October 13, 2007

why . .



ငိုတယ်ဆိုတာ
သူဘယ်လိုမှ
ယုံမှာ မဟုတ်ဘူး . .

ချစ်ပြီးရင်
ဘာလို့များ
နောက်ပြန်မဆုတ်နိုင်ရတာလဲနော် . .

မျက်စိပျက် မျက်နှာပျက်မို့
ကိုယ့်ရင်ဘတ်ကို
သူလှည့်မကြည့်တာများလား . .

သူက ကိုယ့်အတွက်
သိပ်အရေးကြီးပြီး
ကိုယ်က သူ့အတွက်
အရေးမပါတော့တဲ့ အခါမျိုးမှာပေါ့ . .

သေချာပါပြီ
လွမ်းရမဲ့ဇာတ်ပါ . .
ဒါပေမဲ့
ကိုယ်ဆက်ကဦးမယ်. .

သူ့ကိုမြင်နိုင်ပြီး
ကိုယ့်ကိုယ်ကို မမြင်နိုင်ဘူး . .
ဘာကြောင့်များလဲ
ဘာကြောင့်များလဲ . .



No comments: