Tuesday, December 11, 2007

what i want is evening



ချစ်လားဆိုတော့လည်း
မချစ်ဘူး . .
မချစ်ဘူးလားဆို တော့လည်း
ချစ်တယ် . .

အချစ်ဟာ
အနည်းငယ် ရှုပ်ထွေးနေတယ် . .

အချစ်နဲ့ ပတ်သက်ရင်
နည်းနည်းလေးမှ မသိမ်ငယ်ချင်ဘူး . .
ငါ့မှာလည်း ငါ့ကို သိပ်ချစ်တဲ့ချစ်သူရှိတယ် . . ဆို တာမျိုး . .
အခု အဲ့စိတ်တွေက လာရိုက်ခတ်နေတယ် . .

မနက်ဖြန် သူနဲ့ဝေးရမှာလား စိုးရိမ်စရာရှိပေမဲ့
ဒီနေ့ ညနေတော့ သူနဲ့တွေ့ချင်နေမိတယ် . .

သူ့ဘက်က
အလွယ်တကူခြေမွသွားနိုင်တယ်ဆိုတာသိပေမဲ့
ကိုယ့်ဘက်က တယုတယ ထွေးပွေ့ချင်မိတယ် . .

သူ့အတွက်
ကိုယ်ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာသိတယ် . .
ကိုယ့်ဘက်က သူ့ကို စွဲလမ်းတယ်ဆိုတာလည်းသိတယ် . .

သူမစွန့်စားရဲဘူးဆိုတာလည်းသိတယ် . .
သူဆော့ကစားတတ်တယ်ဆိုတာလည်းသိတယ်. .
ကိုယ့်ဘက်က အသုံးတော်ခံချင်တဲ့စိတ်သဘောထားလေးကိုပဲ
မနှိမ်နင်းနိုင်ဘူး ဖြစ်နေတယ်. .

ငါ့အတွက် အလင်းရောင်ရှိသည် ဖြစ်စေ
မရှိသည် ဖြစ်စေ . .
ငါလိုချင်တာက ညခင်းတဲ့ . .



No comments: