Monday, February 4, 2008

ma lwan nelt tot

အတိတ်အိုတွေကိုထမ်းပီး
အလွမ်းကို ခါးဆီးခံမနေပါနဲ့တော့
မိန်းကလေးရယ် . .
ပီးခဲ့တာတွေ ထားလိုက်တော့ . .

ငြီးငွေ့လွယ်တတ်တဲ့လူ့သဘာဝနဲ့
တည့်အောင်နေကြည့်ပေါ့ . .
အစွဲအလမ်းတွေက
တစ်ပွဲတစ်လမ်းလောက်ပဲ
အကဲစမ်းတာကောင်းပါတယ် . .

သူက စွန့် ခွာသူလေ
ကိုယ်က ကျန်ခဲ့သူ . .
လူဆိုးကို လွမ်းရတာ တန်ရဲ့လား . .

အမှန်တော့
ငါလည်း သိပ်ပြောတတ်တာ ဟုတ်ပါဘူး . .
သိသလောက် မှန်းပီး
အားပေးနေရတာ . .







4 comments:

Khin said...

ငါလဲမသိပါ

Anonymous said...

:D
ဟုတ်ကဲ့ပါ

Unknown said...

အရမ်းကောင်းသော ဘလော့လေးပါ..
ကဗျာလေးတွေကိုပုံဖော်ထားတာ..
ရင်နဲ့ရင်းထားတာတွေကို
အသိအမှတ်ပြုပါတယ်ဗျာ..။

Anonymous said...

:D

ကျေးဇူးပါ ကိုပြည့်စုံ . .