Friday, February 1, 2008

my place

မြေဇီလွှာမကောင်းလို့
ပန်းမပေါက်တဲ့အရပ် . .

ခေတ်မကောင်းလို့
ငြိမ်နေတာကွလို့ အော်ပီး
တစ်ဘ၀လုံး
လူခြေတိတ်နေခဲ့တဲ့အရပ် . .

မြစ်တွေ ချောင်းတွေရေစီးရပ်ပီး
ငါးမပျော်တဲ့အရပ် . .

တိမ်မည်းတွေ ဇိမ်ဆွဲနေလို့
သုံးရာသီလုံး မိုးခေါင်တဲ့အရပ် . .

သစ်ပင်တွေ စိမ်းခဲ့ဘူးတယ်လို့
တစ်ချို့တွေကလည်း ပြောနေကြရဲ့ . .

မိုးလင်းတာနဲ့ မိုးချုပ်တာ အတူတူပဲလို့ထင်ရလောက်အောင်
အိပ်ချိန်အနည်းဆုံးနဲ့
တစ်နေ့လုံး ရုန်းကန်ရတဲ့အရပ် . .

အဆင့်မြင့်တာထည့်ပြောရရင်
ရွာကြီးက ကမ္ဘာကြီးဖြစ်နေပြီဗျ . .
ရွာထဲက လူတိုင်း
ရွာရိုးကိုးပေါက် မလျှောက်ဖြစ်ကြတာကြာလှပီလို့ ဆိုတဲ့အရပ် . .

မနက်ဖြန်ဘာဖြစ်မလဲဆိုတာထက်
ဒီနေ့ဆန်မရှိဘူးဆိုတာက အရေးကြီးတဲ့အရပ် . .

ဒီအရပ်ကို ခွာတဲ့လူလည်း ခွာကြပီ . .
ချာချာလည်တဲ့လူတွေကလည်း ချာချာလည်နေကြတုန်းပဲ
မရပ်သေးဘူး . .
မျိုးဆက်သစ်တွေ ကျဲလာ နည်းလာတဲ့ အရပ် . .

မနာကြီး အားပါဘူး မောင်ရင်ရယ်ဆိုပေမဲ့
ပွဲကြီးပွဲငယ် သေးသွယ်သွားရရှာတဲ့အရပ်. .





4 comments:

Unknown said...

အေးအေးချမ်းချမ်းရေ...
အေးချမ်းတော့မှာပါ...

နေ့သစ်တွေတိုင်းမှာ လှပတော့မှာပါဗျာ...
ပေးဆပ်နေသူတွေ..
ပေးဆပ်ခဲ့သူတွေ...အတွက်..
ဂုဏ်ယူပါတယ်....။

Anonymous said...

ကျွန်တော်တို့လည်း ဒီလိုပဲ မျှော်လင့်နေကြပါတယ် . . .
မျှော်လင့်ရင်း ရုန်းကန်ရင်း . .
ရုန်းကန်ရင်း မျှော်လင့်ရင်းပေါ့ . .
အဆိုးပီးရင် အကောင်းလာရမယ် မို့လား . .

Khin said...

good very good

Anonymous said...

thanks