Tuesday, August 7, 2007

date me anytime u want . .



အေးအေးဆေးဆေး နေပါရစေတော့ . .

ကျေှးဇူးပြုပီး
ငါ့ဘ၀ထဲကိုဝင်မလာခဲ့ပါနဲ့တော့ . .

ပြန်တွေးကြည့်တော့လည်း
. . .

မင်းလိုတဲ့အချိန်မှာ
ငါကိုထပ်ချိန်းပါ . . .
ပီးရင် မင်းမလာနဲ့ပေါ့ . .
ငါမင်းကို စောင့်နေပါ့မယ် . .

တစ်ယောက်တည်းသောက်ရတော့လည်း
နည်းနည်းအေးသလိုလို . .

ကော်ဖီတစ်ခွက်ရယ် ငါရယ်
မိုးပွားလေးတွေကို ထိုင်ကြည့်ပြီး
မင်းကိုမျှော်နေပါ့မယ် . .

ကြွားပါရစေဦး . .
ဒီ လူ့ဘ၀ ၂၃ နှစ်အတွင်း
အဲဒီအချစ်ဆိုတာကြီးကို
မယ်မယ်ရရ မထိရှခဲ့ဖူးပါဘူး . .

ဒါပေမဲ့လည်း ငါနားလည်ခဲ့တာကို
ငါနားမလည်ချင်ခဲ့ဘူး . .

ငါသိပ်သဘောထားကြီးတဲ့ကောင်
မဟုတ်ပါဘူး . .
ဒါပေမဲ့ မင်းအတွက်မလိုအပ်ဘူးဆိုရင်
ငါထပ်မနှောင့်ယှက်တော့ပါဘူး . .

ငါတစ်ယောက်တည်း ကော်ဖီသောက်နေရလဲ
မင်းကိုလွမ်းရင်း ငါကျေနပ်နေပါ့မယ် . .

ထပ်ပြီးပြောပါရစေဦး . ..
မင်းလိုတဲ့အချိန်မှာ
ငါကိုထပ်ချိန်းပါ . . .
ပီးရင် မင်းမလာနဲ့ပေါ့ . .
ငါမင်းကို စောင့်နေပါ့မယ် . .

လွမ်းရင်း . . လွမ်းရင်း . .






No comments: