Saturday, August 4, 2007

Love being with her



လူသန်းပေါင်း ၆၀၀၀ ကျော်ထဲက
ကိုယ့်ကို အမှန်တကယ် နားလည်ပေးနိုင်တဲ့
လူတစ်ယောက်ရှိနေတာကိုပဲ
ကျေနပ်တယ် . .

မျက်စိမှိတ်လိုက်တိုင်း
အိပ်ပျော်မဲ့ညတွေကို
သူဖန်ဆင်းပေးနိုင်တယ် . .

ကိုယ်ပြောလိုက်တဲ့ စကားသံတွေကို
လေထဲမှာဘဲ
ဘယ်တော့မှမပျောက်ပြက်သွားအောင်
သူနားထောင်ပေးနိုင်တယ် . .

ကိုယ်ပြုံးလိုက်တိုင်း
သူနှလုံးသားနဲ့ နားလည်ပေးနိုင်တယ် . .
ကိုယ်ဘယ်တော့မှမလဲကျသွားအောင်
သူဖေးမပေးနိုင်တယ် . .

သူ့အကြောင်းပြောနေရတာကိုက
လောကကြီးရဲ့ပြည့်စုံခြင်းပဲ . .
သူတည်ရှိနေခြင်း ကိုက
လောကကြီးရဲ့ပြည့်စုံခြင်းပဲ . .


No comments: