Monday, August 20, 2007

miss u 2.



ကောင်မလေးရယ် . .

မင်းမရှိတဲ့နောက်
ဘာတွေဖြစ်သလဲ . .

မနက်ခင်းမှာ
မင်းကိုလွမ်းတယ် . .

နေ့လည်ခင်းမှာ
မင်းကိုလွမ်းတယ် . .

ညနေခင်းမှာ
မင်းကိုလွမ်းတယ် . .

ညခင်းမှာ
မင်းကိုလွမ်းတယ် . .

သန်းခေါင်ယံမှာ
မင်းကိုလွမ်းတယ် . .

အိပ်ရာဝင်ခါနီး
မင်းကိုလွမ်းတယ် . .

အိပ်မပျော်သေးခင်
မင်းကိုလွမ်းတယ် . .

အိပ်မက်ထဲမှာ
မင်းကိုလွမ်းတယ် . .

အိပ်ရာနိုးနိုးချင်း
မင်းကိုလွမ်းတယ် . .

နေ့စဉ် ရက်ဆက်
မင်းကိုလွမ်းတယ် . .

အလွမ်းတွေနဲ့ ပြည့်နေတဲ့
ငါ့ ကဘာကို
မင်းတခါလောက်
ပြန်လာခဲ့ပါဦးလား . .

မင်းပြန်လာတဲ့အခါကြရင်
ငါရယ် မင်းရယ်
သောင်ပြင်ပေါ်မှာ
လမ်းလျှောက်မယ် . .

မင်းပြောသမျှ
မြို့ပြပုံပြင်တွေ
နားထောင်မယ် . .

မင်းသွားချင်တဲ့
နေရာလေးတွေကို
လိုက်ပို့မယ် . .

မင်းရဲ့ မြင့်မားတဲ့
စိတ်ကူးအိပ်မက်တွေကို
နားလည်ပေးမယ် . .

မင်းသာပြန်လာခဲ့ရင်
ဘယ်လောက် ပျော်ဖို့ကောင်းလိုက်မလဲ . .

ခုလောလောဆယ်
ငါမင်းကိုသိပ်လွမ်းတယ်
ကောင်မလေးရယ် . .



No comments: