Saturday, September 1, 2007

1 September 2007




လူတစ်ယောက် ရင့်ကျက်ဖို့ဆိုတာ
တယ်လဲ မလွယ်ပါလားနော် . .

စိတ်ပိုင်းဆိုင်ရာ
တိုးတက်မှု ဟာ
တော်တော်ကို သိမ်မွေ့နက်နဲလွန်းတယ် . .

ဆက်ဆံရေး ပြဿနာ တွေ
လူမှုရေး ပြဿနာ တွေ
လူတစ်ယောက်အနေနဲ့
ရင်ဆိုင်ရတာတွေဟာ
သိပ်များလွန်းတယ် . .

အကြောင်းအရာတစ်ခုနဲ့ ကြုံတဲ့အခါ
ခံစားချက်က အရင်လာတယ်
ပြီးမှ စဉ်းစားဆင်ခြင်ခြင်းက ဦးနှောက်က
နောက်မှလာတယ် . .
ဖြစ်သင့်တာက
စဉ်းစားဆင်ခြင်ခြင်းက
အရင်လာသင့်တယ် . .

ကျွန်တော် သိထားတဲ့တရားရယ်
ကျွန်တော် ကျင့်သုံးတဲ့ တရားရယ်
တော်တော်လေးကွာနေတယ် . .

လူ့ဘ၀ကြီးမှာ
တကယ်ကို နေသားမကြသေးပါဘူး . .




No comments: