Tuesday, September 18, 2007

who



မနက်ဖြန်တွေ
ဘယ်လောက်များ
လွတ်ကျနေအုံးမှာလဲ . .

မင်းမရှိပဲ
ဘ၀ကို ဖြတ်သန်းရတာ
တကယ်ကို မလွယ်ဘူး. .

မင်းနှုတ်ခမ်းဖျားကနေ
နှစ်သိမ့်သံလေးတွေ
ကြားချင်သေးတယ် . .

အတိတ်ကို ပြန်တွေးမိတိုင်း
ရင်ထဲမှာ
ရုတ်ရုတ်သဲသဲ ဖြစ်မိသေးတယ် . .

ကိုယ်တို့
သိပ်ချစ်ခဲ့ကြဘူးတယ်နော် . .

အေးလေ. .
လမ်းခွဲပြီးခါမှ
ဝမ်းမနည်းကြကြေးလို့
မင်းပြောခဲ့ဘူးသားပဲလေ. .

ပြန်ပြောခွင့်သာရှိအုံးမယ်ဆိုရင်
မလွန်ဆန်နိုင်ဆုံးအရာဟာ
အချစ်ပါပဲလို့ . .

နီးနီးကပ်ကပ်
ပြန်ရှိချင်ပါသေးတယ်
ကိုယ်အချစ်ဆုံးသောမင်းနဲ့ပေါ့ . .

အလွမ်းတွေ
ပြန့်ကျဲနေတယ် . .
ဘယ်သူ
စောင်းငဲ့ကြည့်မှာတဲ့လဲ . .



No comments: