လက်ဘက်ရည် ကော်ဖီ
အသောက်မှားလို့
အိပ်မပျော်တာပါ . .
သူမကို သတိရလို့ လို့
မပြောလိုက်ပါနဲ့ . .
ပြင်းရိစရာ ကောင်းလွန်းလို့
မှိုင်တွေ ငေးမောနေမိတာပါ . .
သူမကို လွမ်းလို့ လို့
မပြောလိုက်ပါနဲ့ . .
ရေချိုးခန်းထဲမှာ
သီချင်းအော်ဆိုတယ် ဆိုတာလည်း
ဆိုချင်လို့ ဆိုတာပါ
သူမနဲ့ ဘာမှမဆိုင်ပါဘူး . .
ရယ်ချင်လွန်းလို့ပါ
သူမ မရှိတာနဲ့
ကဘာ ပျက်နေတယ်တဲ့ . .
Wednesday, September 5, 2007
Don't say it because of her . . hee hee
Subscribe to:
Post Comments (Atom)
No comments:
Post a Comment