Thursday, November 15, 2007

a chat with friend



မနေ့ ညနေကပြင်းပြင်းနဲ့ 
လမ်းလျှောက်ထွက်မလို့ ဟာ
ပလက်ဖောင်းတွေက မအားဘူးတဲ့လေ . .

သြော် . .
ဒီနေရာမှာ လူတွေမပြောနဲ့
တိရိစ္ဆာန်တွေတောင်
ကျုံလှီနေကြပြီ . .

ခုတလောလား . .
ဘောလုံးပွဲတွေလား ?
ကြည့်ဖြစ်ပါတယ်ဗျာ
ဘောပွဲမကြည့်
လက်ဘက်ရည်ဆိုင်မှမထိုင်ရင်
ကျုပ်တို့ တွေ အတွက် စိတ်အပန်းဖြေစရာနေစရာမရှိဘူးလေ . .

ကိုရီးယားကားလား ?
အာ ကြည့်ဖြစ်တာပေါ့
ကျုပ်တို့  မပြည့်စုံပေမဲ့
သူတို့ ပြည့်စုံတာကို
မုဒိတာပွားလို့ ရပါတယ်ဗျာ . .

မနက်ဖြန်မနက်ဘာကောင်းလဲဟေ့
ဈေးနားကဖြတ်လျှောက်တော့
အဲ့ အသံတွေ သောသောညံနေတယ်ဗျ . .

ကျုပ်လည်း ဟိုငေးဒီငေးနဲ့ 
သူလည်း ဟိုငေးဒီငေးနဲ့ 
ဟန်းဖုန်းပြောရင်းလမ်းလျှောက်လာတဲ့
တရုတ်ကြီးတစ်ယောက်နဲ့
ဝင်တိုက်မိသေးတယ် . .
ကျုပ်ရဲ့ရေဒီယို ၀ယ်ရင်ကောင်းမလားဆိုတဲ့
အတွေးလေးတောင်ပျက်သွားတယ် . .

သြော် ဒါနဲ့ 
မနေ့  ညကလည်း အဆင်မပြေပါဘူးဗျာ . .
ဘေးအိမ်က ဦးလေးကြီးလေ
မေတ္တာကိုကျယ်ကျယ်မပို့ ရဘူးဆိုပြီး
လာဆုံးမနေလို့ လေ . .
ဘယ်နဲ့ ဗျာ . .
မေတ္တာတောင်ကျယ်ကျယ်မပို့ ရဘူးဆိုတာတော့ . .

အဆင်မပြေတာတွေချည်း
ကြားရတော့ခင်ဗျားလည်း စိတ်ညစ်မှာပဲနော် . .
တတ်နိုင်ဘူးဗျာ . .
ပြောလက်စနဲ့  ဆက်ပြောရအုံးမယ်. .
ခင်ဗျားလည်းသိတယ်ဗျာ . .
ကျုပ်လည်းသိတယ်ဗျာ . .
အမှန်လည်းအမှန်တွေသိတာပါ. .
ဒါပေမဲ့ အဲ့ဒါထုတ်ပြောလို့  မရဘူးတဲ့ဗျာ . .
လွန်လွန်းပါတယ်ဗျာ . .

စကားကောင်းနေတာနဲ့ ဗျာ . .
နောက်ဆုံကြသေးတာပေါ့ . .
သွားလိုက်ဦးမယ် ဗျာ . .


No comments: