Thursday, November 15, 2007

if she were a monkey



အရမ်းသဘောကြတဲ့
ဝတ္ထုခေါင်းစဉ်တစ်ပုဒ်ရှိခဲ့ဘူးတယ် . .
“သူမသာ မျောက်တစ်ကောင်ဖြစ်သွားတယ်ဆိုပါတော့” တဲ့ . .

ဟုတ်တယ် . . အဲဒီတော့ . .
သူမသာ မျောက်တစ်ကောင်ဖြစ်သွားတယ်ဆိုပါတော့ . .
ကျွန်တော်လည်း မျောက်တစ်ကောင်ပဲ ဖြစ်ချင်တယ် . .

အိုး . .
ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲနော် . .

သစ်ကိုင်းဖျားတစ်ခုကို
သူမက ‘ဖျွတ်’ ဆိုခုန်ကူးသွားတယ် . .
ဘယ်ရမလဲ . .
ကျွန်တော်လည်း ‘ဖျွတ်’ ဆိုလိုက်ခုန်ကူးတာပေါ့ . .

ငှက်ပျောသီး ၀င်းဝင်းလေးတွေ ကို
သူမ အတွက် ခူးပေးမယ် . .
သူမ ခေါင်းယားရင်
သန်းတုတ်ပေးမယ် . .

ဇီဇာကြောင်တတ်တဲ့ လူတွေလည်း မရှိဘူးလေ . .
ဒို့နှစ်ယောက်ရဲ့ အမှီးကို
အချိန်ပြည့်လိုက်ကြည့်မဲ့
လူတွေလည်း မရှိဘူးလေ . .

“အောင်မယ်. . .ခွီး. . ခွီး . .”
သူမကို
တခြားမျောက်တွေ ပြောင်ပြတာတော့
ဘယ်လိုမှလက်မခံနိုင်ဘူးဟေ့ . .

ကဲ . .
သူမသာ မျောက်တစ်ကောင်ဖြစ်သွားတယ်ဆိုပါစို့ . .


2 comments:

Anonymous said...

မျောက်ဆိုရင် အ၀တ်ဘယ်ဝတ်မလဲနော် ... . . ဟီး ဟီး .. လာကြည့်ချင်လိုက်တာ

Anonymous said...

အဲ့ဒါ မျောက်တွေရဲ့ freestyle နေမှာပေါ့ . . :P