Tuesday, November 6, 2007

mess mind



ခင်ဗျားကို ခင်ဗျားလည်း
တစ်နေ့ နှစ်ဆယ့်လေးနာရီလောက်
မပိုင်တော့ဘူးပေါ့ဗျာ . .

သူများနှာခေါင်းပေါက်နဲ့ပဲ
အသက်ရှူခွင့်လည်း
ခင်ဗျားကို အပြည့်အ၀ပေးထားတယ် . .

ဒီတော့ရာ . .
ခင်ဗျားက
ခင်ဗျားမဟုတ်တော့ဘူးဆိုတဲ့ အခြေအနေပေါ့ . .

ခင်ဗျား ငြီးငွေ့လာပါလိမ့်မယ် . .
အရာအားလုံးကို
ခင်ဗျား ငြီးငွေ့လာပါလိမ့်မယ် . .

ကံမျက်စိကလည်း မလည်ဘူးပေါ့ဗျာ . .
ခင်ဗျားကို အားပေးနှစ်သိမ့်မဲ့လူကလည်း
ဝေလာဝေး . .

အဲ့ဒီလို
အဆိုးတွေကြုံလာတဲ့အခါ
ခင်ဗျား အဆိုးတွေပဲတွေးမိနေလိမ့်မယ် . .

ကျုပ်ပြောနေတာတွေ
နည်းနည်းရှုပ်လိမ့်မယ် . .
ဘာဖြစ်လို့လဲဆိုတော့
ကျုပ်သိပ်စိတ်ရှုပ်နေတယ်ဗျာ . .


No comments: